☆ 𝗠𝗠𝗔 𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝘀 𝗠𝗢 တို့ရဲ့ စကားသံများ ☆
ဆေးရုံဆင်းသွားတဲ့ လူနာတိုင်းအတွက် ဝမ်းသာဂုဏ်ယူပီတိဖြစ် ရသလို လူနာသစ်များအတွက်လဲ ဆက်လက် စောင့်ရှောက်ပေးရဦးမယ်
လမ်းညွှန်မှုတွေ အတိအကျ လိုက်နာစေချင်ပါတယ်
“𝐌𝐚𝐬𝐤, 𝐖𝐚𝐬𝐡, 𝐃𝐢𝐬𝐭𝐚𝐧𝐜𝐞 နဲ့ 𝐇𝐨𝐦𝐞 𝐒𝐭𝐚𝐲 “
ဆရာဝန် Volunteers အင်အားဖြည့်ဖို့လဲ လိုအပ်နေသေးတာကြောင့် ပါဝင်ကြဖို့
===============================
☆🅼🅼
🆅
🅻🆄🅽🆃🅴🅴🆁🆂 🅼
တို့ရဲ့ စကားသံများ ☆



“ ကိုယ်ကူပေးနိုင်တဲ့ အခြေအနေလည်းကြုံတယ် ကိုယ့်မှာလည်း ကူပေးနိုင်တဲ့အနေအထားရှိနေတုန်း ကိုယ့်ဆရာတွေ သူငယ်ချင်းတွေ အတွက် အနည်းငယ်လေးဖြစ်ဖြစ် ကူညီပေးချင်လို့ပါ ကျွန်မတို့လိုပဲ အခြေအနေပေးတဲ့ သူငယ်ချင်းတွေ မောင် ညီမ တွေလည်း လာရောက်ကူလှည့်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်ရှင် “


“ TMO လုပ်နေရာက အေးအေးလူလူ နေချင်ဇောကြောင့် ကိုယ့်ဖာသာ ထွက်လာခဲ့ပေမယ့် ခုလို ပိုမို ဆိုးဝါးလာနေတဲ့ အခြေအနေမှာ တတ်နိုင်တဲ့ ဖက်က ဝင်လုပ်မယ် စိတ်ကူးနဲ့ ပါဝင်လာခဲ့တာပါ “


“ ဆေးကျောင်းပြီးကတည်းက အပြင်ဆေး company မှာ အလုပ်လုပ်နေပြီး ဒီအချိန်မှာ ကိုယ့်ကျရာနေရာကနေကူညီချင်လို့ပါ “


“ မိမိတတ်ထားတဲ့ ဆေးပညာနဲ့ တကယ်လိုအပ်လာတဲ့အချိန်မှာ အားဖြည့်ကူညီပေးချင်တာပါ
ကူညီခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်
ကူညီခွင့်ပေးတဲ့ MMA မှ တာဝန်ရှိဆရာကြီး ဆရာမကြီးများကိုလည်း ကျေးဇူးတင်ပါတယ် “


Volunteers အင်အားအများကြီး လိုနေပါသေးတယ် ပါဝင်ကူညီလိုသူများကို ဖိတ်ခေါ်ရင်း MMA နဲ့လက်တွဲလုပ်နေတဲ့ Volunteers MO တွေကို
လေးစားဂုဏ်ယူစွာနဲ့
===================================================
“ ကျောင်းပြီးကတည်းက ပုဂ္ဂလိကဆေးရုံတွေမှာပဲတာဝန်ထမ်းဆောင်ခဲ့တာဖြစ်လို့ ယခုလို နိုင်ငံတော်ဘက်က ဆရာဝန်အင်အားလိုအပ်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကျန်းမာအောင် တဘက်တလှမ်းကနေ နိုင်ငံတော်ကိုလည်းကျေးဇူးပြန်ဆပ်ချင်လို့ တတ်တဲ့ပညာနဲ့ volunteer လုပ်ဖြစ်တာပါ “


“ Clinical နဲ့ဝေးနေပေမယ့် ဆရာဝန်ဘွဲ့ရထားတဲ့ သူတယောက်အဖို့ ခုလိုချိန်ခါမှာကိုယ်တတ်စွမ်းသရွေ့ အုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်ကူညီသင့်တယ်လို့ ခံစားမိလို့ပါ “


“ ဒီလိုအချိန်မှာ တတ်နိုင်သမျှ တစ်ထောင့်တစ်နေရာကနေ ပါ၀င်ကူညီပေးချင်လို့ ရသမျှအချိန်လေးမှာ Volunteer လုပ်ဖြစ်တာပါ “


“ အားလုံးခက်ခဲနေတဲ့အချိန်မှာ ကိုယ်ပါလိုက်ခက်ခဲနေမဲ့အစား အားခဲပြီးပြန်အားပေးနိုင်တဲ့သူပဲဖြစ်ချင်လို့ MMA နဲ့ ဆက်သွယ်ပြီး Volunteer ဝင်လုပ်နေပါတယ်ရှင့် “


Volunteers အင်အားအများကြီး လိုနေပါသေးတယ် ပါဝင်ကူညီလိုသူများကို ဖိတ်ခေါ်ရင်း MMA နဲ့လက်တွဲလုပ်နေတဲ့ Volunteers MO တွေကို
လေးစားဂုဏ်ယူစွာနဲ့ Like and Share လုပ်လိုက်ရအောင်လား 








